ဗိုင်းရက်စ် ကင်းစေတဲ့ pc တစ်လုံးဖြစ်အောင်

ဗိုင်းရက်စ် ကင်းစင်တဲ့ ကွန်ပျူတာ တစ်လုံးဖြစ်အောင် ထိန်းသိမ်းသုံးစွဲလို့ ရနိုင်မလား ….???
အဲဒီလို မေးခွန်းမျိုးနဲ့ ကြုံရင် ကျွန်တော်အနေနဲ့တော့ ယေဘူယ အားဖြင့် ရနိုင်တယ်လို့ ဆိုပါရစေ။ ဒါပေမဲ့ လိုက်နာရမဲ့ အချက်လေး (၉) ချက်လောက် လိုက်နာလိုက်မယ်ဆိုရင်တော့ သာမန်ယူဇာတစ်ယောက် သုံးစွဲရန် သင့်လျှော်တဲ့ ဗိုင်းရက်စ် ကင်းစင်တဲ့ ကွန်ပျူတာ တစ်လုံး ဖြစ်လာနိုင်ပါတယ်။ ဘာမှ အပန်းမကြီးတဲ့ အချက်လေးတွေကို လိုက်လာလိုက်ခြင်းဖြင့် မိတ်ဆွေရဲ့ ကွန်ပျူတာကို ဗိုင်းရက်စ် ကင်းစင်တဲ့ ကွန်ပျူတာ တစ်လုံးအဖြစ် ပျော်ရွှင်ချမ်းမြေ့စွာ သုံးစွဲကြပါစို့… ကဲ စလိုက်ရအောင်။  ။

၁။ ပထမဆုံး အချက်အနေနဲ့က Antivirus ကောင်းတာ သုံးစွဲဖို့ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကွန်ပျူတာ တစ်လုံးက Antivirus ကောင်းတာကြီး သုံးစွဲပြီး Update မပေးရင်လည်း ဘာမှ သိပ်ပြီးတော့ ထူးခြားမှာ မဟုတ်ပါဘူး။ ထိုအတွက် Update ကို အမြဲ ပေးနိုင်အောင် ကြိုးစားပေးပါ။ အင်တာနက် ချိတ်ဆက်ထားသော ကွန်ပျူတာ ဖြစ်ပါက Antivirus ကို Automatic Update ထားပေးထားပါ။

၂။ အခြား USB thumb/pen drives ၊ extra harddisk  တွေကို သုံးစွဲရမှာလည်း စွပ်မသုံးပဲ Virus Scan ဖတ်ပြီးမှ သုံးစွဲဖို့။ ပြီးလျှင် ထို drives တွေကို ဖွင့်ရာမှာလည်း Double click ဖြင့်မနှိပ်ပဲ right click နှိပ်ပြီးမှ open (သို့) explore တို့ဖြင့် ဖွင့်ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ autorun ဖြင့် ထို drive ထဲမှ အန္တရာယ်ရှိတဲ့ .exe ဖိုင်တွေကို Auto အလုပ်မလုပ် နိုင်စေရန် ဖြစ်ပါတယ်။

၃။ တခြား တစ်နေရာမှ Harddisk တစ်လုံးကို မိမိကွန်ပျူတာမှာ တပ်ဆင်တော့မယ်ဆိုလျှင် ကွန်ပျူတာ ဖွင့်ဖွင့်ခြင်း ချက်ချင်း မသုံးစွဲပဲ Virus Scan ဖတ်ပြီးမှသာ စတင်သုံးစွဲပါ။

အခု အပေါ်က ၃ချက်ကတော့ LAN (သို့) အင်တာနက် ချိတ်ဆက်ထားခြင်းမရှိတဲ့ ကွန်ပျူတာတွေအတွက် ပြည့်စုံသလောက် ရှိပါတယ်။

၎။ ဗိုင်းရက်စ် ပြန့်ပွားမှုရဲ့ 90% လောက်က အင်တာနက်မှ တဆင့်ဖြစ်သည့်အတွက် အင်တာနက် သုံးစွဲရာတွင် အောက်ပါအချက်လေးများကို လိုက်နာ ဆောင်ရွှက်ပေးပါ။website တစ်ခုဖွင့်ရာတွင် အလိုအလျှောက် ထက်မံပွင့်လာတတ်သည့် pop-up windows မျိုးမှ မည်သည့်အရာကိုမှ သွားရောက်မစမ်းသပ်ပဲ ချက်ချင်း ပိတ်လိုက်ပါ။ သင့်အတွက် အကျိုးရှိမည့်အရာ တစ်ခုမှ ပါလာလိမ့်မယ် မဟုတ်ပါ။ ဆိုးကျိုးသာ ဖြစ်ပေါ်စေနိုင်ပါတယ်။

၅။ သင့်အနေနဲ့ မိတ်ဆွေတစ်ဦးကပေးတဲ့ (သို့) Google.com တို့လို Search Engine တွေက ရှာပေးတဲ့ သင့်မသိတဲ့ အင်တာနက် စာမျက်နှာများကို ဖွင့်ရာတွင် AVG LinkScanner လို ဆော့ဝဲလ်မျိုး ရမ်းပေးခြင်း။ (သို့) browser တွင် WOT လို အန္တာရာယ်ရှိသော website များကို ချက်ချင်း ကြည့်ခွင့်မပေးသည့် plugin လေးများ အသုံးပြုသင့်ပါသည်။

၆။ အီးမေးလ် အသုံးပြုတဲ့ လူတွေအနေနဲ့ အမြဲ ကြုံတွေနေရတာကတော့ Spam mail တွေပါပဲ။ ဘာမှန်းမသိ ဘယ်ကမှန်းမသိတဲ့ မေးလ်တွေ အမြဲဝင်လာတတ်ပါတယ်။ ဒီနေရာ စိတ်ဝင်စားစရာ ကောင်းတဲ့ မေးလ်တွေ့တိုင်း ၀င်မဖတ်ပါနဲ့။ ပေးတဲ့ Links ကလေးတွေကိုလည်း သွားမနှိပ်မိပါစေနဲ့။

၇။ ဖြစ်နိုင်မည်ဆိုလျှင် သင့်ကွန်ပျူတာမှာ Antivirus အပြင် ကောင်းမွန်တဲ့ Anti-Spamware တစ်ခုလောက် run ထားပေးသင့်ပါတယ်။

၈။ အီးမေးလ် (သို့) အင်တာနက်မှ သင်ဒေါင်းလုပ်ချထားသည့် ဖိုင်များကိုလည်း ဖြစ်နိုင်လျှင် ချက်ချင်းမဖွင့်ပဲ Virus Scan ဖတ်ပြီးမှ စတင် အသုံးပြုပေးပါ။

၉။ မိုက်ခရိုဆော့လ်မှ ၀င်းဒိုးအတွက် အခါအားလျှော်စွာ ထုတ်ပေးတတ်သည့် update ဖိုင်များကို ဒေါင်းလော့ချပြီး သွင်းထားပေးပါ။ အကယ်၍ သင်က ၀င်းဒိုးအခွေအစစ်ကို ၀ယ်ယူသုံးစွဲသူ ဖြစ်ပါက အပန်းမကြီးတဲ့ Automatic Update လေးကို အမြဲဖွင့်ထားလိုက်ပါ။

Credit..org


Comments