ကွန်ပျူတာမြန်ဆန်အောင်အသုံးပြု နည်း ၁

ကွန်ပြူတာမြန်ဆန်အောင်အသုံးပြု နည်း ၁
---------------------------------------
ကဲ ဒီတခါတော့  ကွန်ပြူတာသမားတိုင်း စိတ်ညစ်ရတဲ့ အကြောင်းတွေ ရှိတတ်ကြပါတယ်
ဘာလဲဆိုတော့ မိမိတို့ သုံးတဲ့ ကွန်ပြူတာလေးနေရင် သုံးနေတဲ့ အချိန်ရပ်နေတာတွေ
စိတ်ညစ်ရပါတယ်..ဒါကြောင့် ဘလော့ဂါသိတာလေးမျှဝေချင်တာပါ..
RUNဘောက် ကနေ စာလေးတွေရိုက်ပြီး မလိုအပ်တဲ့ ဖိုင်တွေ ဖျက်
ရှင်းနည်းလေးပါ..ဖြစ်နိုင်ရင် ကွန်ပြူတာစဖွင့် တဲ့ အချိန်က စပြီး ရှင်းစေလိုပါသည်..
ပိတ်ချိန် မပိတ်ခင်လေးမှာ ရှင်းပေးတာလဲ ကောင်းပါသည်.
ကဲ စလိုက်ရအောင်ဗျာ..
၁..start ကနေ run ကို ဖွင့် ဗျာ..run ပေါ်ရင်..စာလေးရိုက်မယ်prefetch လို run ဘောက်မှာ ရိုက်ဗျာ..ပြီးရင်အိုကေ နှိပ်လိုက်. 
အိုကေနှိပ်ရင်ဒီလိုလေးပေါ်မယ်
ဒီလိုပေါ်လာတဲ့  prefetch ဆိုတဲ့ ဖိုင်လေးထဲ က ဘေးမှာအပြာရောင်ပေးထားတဲ့  ဖိုင်လေးတွေကို တခုမကျန် ဖျက်ပစ်လိုက်..
၂..start ကိုနှိပ်ပြီး အပေါ်က အတိုင်းပဲ run ကို ဖွင့်  ပြီးရင်..recent ဆိုတဲ့ စာသားလေးကို ထည့် လိုက်
ပြီးရင်အိုကေ ပေါ့ .. recent ဖိုင်ပေါ်လာပြီး အပေါ်ကအတိုင်း ဘေးမှာ ပေါ်နေတဲ့ ဖိုင်တွေ အားလုံးဖျက်
ဘာမှ မစိုးရိမ်နဲ့  ဖျက်ပစ်လိုက်ပါ.
၃..start ကိုနှိပ်ပြီး အပေါ်ကအတိုင်းပဲ run ကိုဖွင့်  ပြီးရင်..%temp % ဆိုတဲ့ စာသားလေးကို ထည့် လိုက်ပါ
ပြီးရင်အိုကေ ပေါ့ ..temp ဖိုင်လေးပေါ်လာပြီး အပေါ်က အတိုင်း ဘေးမှာ ပေါ်နေတဲ့ ဖိုင်တွေကို ဖျက်ပစ်ပါ
ဒီဟာက တော့ ဖျက်မရတာတွေ ရှိတယ် ဘာမှမဖြစ်ဘူး ဖျက်မရတာ တွေကို ..ဒီအတိုင်းထားလိုက်ပါ..
နောက်ဆုံးပြောချင်တာ တခုကတော့  အထက်ပါ အချက်တွေ အားလုံး က ဖျက်ထားတဲ့ အရာ တွေကို အပြီးသတ် ဖျက်ရမဲ့ နေရာ တခုကျန်သေးတယ်..အဲဒါကတော့ အမှိုက်ပုံးလို့ ခေါ်တဲ့  recycle bin ဆိုတာ ကို
ဖွင့် ပြီးအပြတ်ရှင်းလိုက်တော့ ပေါ့ ဗျာ..ပြီးရင် မိမိကွန်ပြူတာ အရင်ထက်ပေါ့ ပါးပြီး သုံးကောင်းလာလိမ့်  ..
အဲဒီအချက်သုံးချက် ကို ဖွင့် တိုင်း ပိတ်တိုင်း နေတိုင်းပြုလုပ်နိုင်ရင် အကောင်းဆုံးဖြစ်တာပေါ့ ..
အဆင်ပြေကြပါဗျာ..ဆန္ဒများစွာဖြင့် ဘလော့ဂါ ညီသူ..
By-
http://www.kosoethanrakkhita.com/2014/03/blog-post_15.html


Comments