နာမည်ကြီး ဖုန်းများအတွက် Android USB Drivers

နာမည်ကြီး ဖုန်းများအတွက် Android USB Drivers ထည့်သွင်းနည်းများ စာအုပ်
Android အခြေခံပိုင်းတွင် မဖြစ်မနေ လေ့လာထားသင့်တဲ့ အပိုင်းတစ်ခုကတော့ USB Driver
ပိုင်းဖြစ်ပါတယ် ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်ဆက်ပြီး Tutorial များကို ပြုလုပ်ဖို့ရန်အတွက်
ကွန်ပျူတာတွင် သက်ဆိုင်ရာ ဖုန်းများ၏ USB Driver များကို ကြိုတင်ပြီး install
ပြုလုပ်ထားရမှာပဲဖြစ်ပါတယ်။

ကွန်ပျူတာတွင် USB Driver ကို ထည့်သွင်းထားခြင်း အဆင်ပြေနေပါမှ Devices အချင်းချင်း
ချိတ်ဆက်လိုက်တဲ့အခါ Recognize ဖြစ်ပြီး အလုပ်လုပ်ရတာ အဆင်ပြေစေမှာပဲဖြစ်ပါတယ်။

ထိုတွင် ဖုန်း Brands များစွာ ရှိသည့်အနက် လက်ရှိ မိုဘိုင်းဖုန်းလောကတွင်
နာမည်ကြီးနေ့သည့် မရှိမဖြစ် ထည့်သွင်းအသုံးပြုထားရမည့် ဖုန်းများ၏ USB Driver များနဲ့
အခြားသော Brands ဖုန်းများအားလုံးကို Support လုပ်ပေးနိုင်သည့် USB Driver များ
ထည့်သွင်းနည်းကို အထူးရှင်းလင်းပြပေးထားသည့် PDF Version လေးကို မျှဝေပေးလိုက်ပါတယ်။

Android ADB Driver ဆိုင်ရာတွင်တော့ ADB Driver များနဲ့ အရေးတကြီး
လိုအပ်မယ့် Driver များကိုသာ ရွေးချယ်ပြီး ရှင်းပြပေးထားပါတယ်။

သင်တန်းမတက်နိုင်ကြတဲ့ အဝေးရောက် ညီအကိုများနဲ့ ဖုန်းနည်းပညာပိုင်း
အထူးစိတ်ဝင်စားကြပြီး လေ့လာလိုကြတဲ့ ညီအကိုများအတွက် ဒီ စာအုပ်လေးက
တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုပေးနိုင်လိမ့်မယ်လို့ ယုံကြပါတယ်။
http://www.yplitshare.org/2016/09/android-usb-drivers.html


Comments